Classic Plus

Classic plus အနေနဲ့ကတော့ roast profile အားဖြင့် classic နဲ့ အတူတူပါပဲ။
အဲဒီ roast profile ကို အမှီပြုပြီး အရသာသစ်တစ်ခုကိုထုတ်လုပ်ထားတဲ့ အတွက်ကြောင့်
Classic plus လို့အမည်ပေးထားပါတယ်။သူ့မှာထူးခြားတာကော်ဖီသီးပါ။
washed process တင်မဟုတ်တော့ပါဘူး။ တောင်သူအခေါ် လုံးခြောက်လို့ခေါ်တဲ့ အသီးလိုက်နေလှမ်းထားတဲ့
natural sun dry process ကော်ဖီသီး ၂၀ ရာခိုင်နှုန်းပါပါတယ်။တနည်းအားဖြင့်
washed process 80% + natural sun dry process 20% ။
natural sun dry process ကို ထည့်ရတဲ့ ရည်ရွယ်ချက်က
နေလှမ်း လုံးခြောက်သီးရဲ့ သဘာဝဆန်တဲ့ မွှေးတဲ့အနံ့ကိုပါစေချင်လို့ပါ။
သူမွှေးပုံ မွှေးနည်းက အင်မတန်ချိုပါတယ်။ အင်မတန်အီပါတယ်။
နောက်တစ်ခုက သကြားပမာဏပါ။ Classic Plus ကို ဖန်တီးတဲ့အခါမှာ
အချိုဓါတ်ကို အနည်းဆုံးလိုအပ်ချက်အရ(အနည်းဆုံးဖြစ်အောင်) Low sugar ပဲထည့်ထားပါတယ်။
သူ့အရသာကို balance and smooth လို့ မှတ်တမ်းသွင်းပါတယ်။
မွှေးမယ်၊ အချိုပါးလွန်းမယ်။ အချို မကြိုက်တဲ့သူတွေ၊ diet plan အရ အချိုလျှော့ချင်တဲ့သူတွေအတွက်
ဦးတည်ထုတ်လုပ်ပါတယ်။ အမှန်တော့ ဒီစိတ်ကူးဟာ ၂၀၁၉ နိုဝင်ဘာတုန်းက ထိုင်းနိုင်ငံ ကုန်စည်ပြပွဲမှာ ၊
ထိုင်းဈေးကွက်ရဲ့ လိုလားချက်ကို ဆွေးနွေးခဲ့စဉ်က စဉ်းစားခဲ့တဲ့ ဖန်တီးမှုပုံစံလည်း ဖြစ်ပါတယ်။

go top