MayMyo History
ကျွန်ုပ်တို့အကြောင်း
မေမြို့ ဖရက်(ရှ်) စဖြစ်လာတာကတော့ ၂၀၁၄ ခုနှစ် လောက်မှာ ကော်ဖီဈေးကွက်ရဲ့လိုအပ်ချက်တစ်ခုကို ကျွန်တော်တို့ စတင်သတိထားမိခဲ့ပါတယ်။ဒီအချိန်ကစပြီး လိုအပ်တဲ့ လေ့လာပြင်ဆင်မှုတွေ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့တယ်။ကျန်းမာရေးနဲ့ညီညွတ်ပြီး ကော်ဖီအရည်အသွေးကို ဦးစားပေးတဲ့ ဈေးကွက်လူတန်းစားကို ကျွန်တော်တို့ အဓိကရည်ရွယ်ခဲ့တယ်။ဒီလိုနဲ့၂၀၁၆ ခုနှစ်လောက်မှာ မေမြို့ ဖရက်(ရှ်) ကိုကျွန်တော်တို့ဖန်တီးပြီး ဈေးကွက်အတွင်းကိုပို့ဆောင်နိုင်ခဲ့တယ်။ဈေးကွက်လိုအပ်ချက်အသစ်ကို စတင်ထိတွေ့ခဲ့ရသူဖြစ်တာကြောင့် အခွင့်အလမ်းတော်တော်များများရခဲ့တယ်။ထို့အတူ အခက်အခဲတွေလည်းကြုံခဲ့ရပါတယ်။ကျွန်တော်တို့ စထုတ်လုပ်တဲ့အချိန်မှာ low cost product တွေ ဈေးကွက်အတွင်းမှာခြေချင်းလိမ်နေတယ်။ အသင့်သောက် နှပ်ကော်ဖီဈေးကွက်မှာ ကျွန်တော်တို့ပစ္စည်းက low cost မဟုတ်နိုင်ဘူး။ကျွန်တော်တို့ ရည်ရွယ်တဲ့ value creation က low cost နဲ့ မလုပ်နိုင်ဘူး။လုပ်လို့ မရနိုင်ဘူး။ ဒါကြောင့်ကို ချီတုန်ချတုန်တွေလည်း ဖြစ်ခဲ့ရတယ်။ဖြစ်မှ ဖြစ်ပါ့မလားပေါ့။ဈေးတန်းသတ်မှတ်ချက်ကအစ ကျွန်တော်တို့ကိုယ်တိုင် စတင်သတ်မှတ်ခဲ့ရတယ်။ကျွန်တော်တို့ မေမြို့ဖရက်(ရှ်)ကို အခြေခံကစခဲ့တယ်။ဝါသနာနဲ့စခဲ့တယ်။တစိုက်မတ်မတ် အာရုံစူးစိုက်မှုနဲ့စခဲ့တယ်။အခက်အခဲတွေအများကြီးနဲ့ စခဲ့တယ်။ဘယ်သူနဲ့မှမတူတဲ့ တန်ဖိုး ဖန်တီးမှုတွေနဲ့ စခဲ့တယ်။အိမ်မက်ကြီးကြီးနဲ့ စခဲ့ရတယ် ဆိုတဲ့အကြောင်းမေမြို့ ဖရက်(ရှ်)သမိုင်းအကြောင်းအကျဉ်းချုပ်ကို မိတ်ဆွေများထံပြန်လည်ဝေမျှလိုက်ပေးလိုက်ပါတယ်။ဒီနေ့ထက်တိုင် အစဉ်အဆက်အားပေးခဲ့ကြသူများအားလုံးကို ကျေးဇူးတင်ပါတယ်။" ဒေသထုတ်ကုန် မြန်မာဂုဏ် "
ကျွန်ုပ်တို့အကြောင်း
မေမြို့ ဖရက်(ရှ်) စဖြစ်လာတာကတော့ ၂၀၁၄ ခုနှစ် လောက်မှာကော်ဖီဈေးကွက်ရဲ့လိုအပ်ချက်တစ်ခုကို ကျွန်တော်တို့ စတင်သတိထားမိခဲ့ပါတယ်။ဒီအချိန်ကစပြီးလိုအပ်တဲ့ လေ့လာပြင်ဆင်မှုတွေ စဉ်ဆက်မပြတ် …