ကျွန်ုပ်တို့အကြောင်း

မေမြို့ ဖရက်(ရှ်) စဖြစ်လာတာကတော့ ၂၀၁၄ ခုနှစ် လောက်မှာ ကော်ဖီဈေးကွက်ရဲ့
လိုအပ်ချက်တစ်ခုကို ကျွန်တော်တို့ စတင်သတိထားမိခဲ့ပါတယ်။ဒီအချိန်ကစပြီး
လိုအပ်တဲ့ လေ့လာပြင်ဆင်မှုတွေ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့တယ်။
ကျန်းမာရေးနဲ့ညီညွတ်ပြီး ကော်ဖီအရည်အသွေးကို ဦးစားပေးတဲ့
ဈေးကွက်လူတန်းစားကို ကျွန်တော်တို့ အဓိကရည်ရွယ်ခဲ့တယ်။

ဒီလိုနဲ့၂၀၁၆ ခုနှစ်လောက်မှာ မေမြို့ ဖရက်(ရှ်) ကိုကျွန်တော်တို့ဖန်တီးပြီး
ဈေးကွက်အတွင်းကိုပို့ဆောင်နိုင်ခဲ့တယ်။ဈေးကွက်လိုအပ်ချက်အသစ်ကို
စတင်ထိတွေ့ခဲ့ရသူဖြစ်တာကြောင့် အခွင့်အလမ်းတော်တော်များများရခဲ့တယ်။
ထို့အတူ အခက်အခဲတွေလည်းကြုံခဲ့ရပါတယ်။ကျွန်တော်တို့ စထုတ်လုပ်တဲ့အချိန်မှာ
low cost product တွေ ဈေးကွက်အတွင်းမှာခြေချင်းလိမ်နေတယ်။
အသင့်သောက် နှပ်ကော်ဖီဈေးကွက်မှာ ကျွန်တော်တို့ပစ္စည်းက low cost မဟုတ်နိုင်ဘူး။

ကျွန်တော်တို့ ရည်ရွယ်တဲ့ value creation က low cost နဲ့ မလုပ်နိုင်ဘူး။
လုပ်လို့ မရနိုင်ဘူး။ ဒါကြောင့်ကို ချီတုန်ချတုန်တွေလည်း ဖြစ်ခဲ့ရတယ်။ဖြစ်မှ ဖြစ်ပါ့မလားပေါ့။
ဈေးတန်းသတ်မှတ်ချက်ကအစ ကျွန်တော်တို့ကိုယ်တိုင် စတင်သတ်မှတ်ခဲ့ရတယ်။

ကျွန်တော်တို့ မေမြို့ဖရက်(ရှ်)ကို အခြေခံကစခဲ့တယ်။
ဝါသနာနဲ့စခဲ့တယ်။တစိုက်မတ်မတ် အာရုံစူးစိုက်မှုနဲ့စခဲ့တယ်။
အခက်အခဲတွေအများကြီးနဲ့ စခဲ့တယ်။
ဘယ်သူနဲ့မှမတူတဲ့ တန်ဖိုး ဖန်တီးမှုတွေနဲ့ စခဲ့တယ်။
အိမ်မက်ကြီးကြီးနဲ့ စခဲ့ရတယ် ဆိုတဲ့အကြောင်း
မေမြို့ ဖရက်(ရှ်)သမိုင်းအကြောင်းအကျဉ်းချုပ်ကို မိတ်ဆွေများထံ
ပြန်လည်ဝေမျှလိုက်ပေးလိုက်ပါတယ်။

ဒီနေ့ထက်တိုင် အစဉ်အဆက်အားပေးခဲ့ကြသူများအားလုံးကို ကျေးဇူးတင်ပါတယ်။

” ဒေသထုတ်ကုန် မြန်မာဂုဏ် “

ကျွန်ုပ်တို့အကြောင်း

မေမြို့ ဖရက်(ရှ်) စဖြစ်လာတာကတော့
၂၀၁၄ ခုနှစ် လောက်မှာကော်ဖီဈေးကွက်ရဲ့
လိုအပ်ချက်တစ်ခုကို ကျွန်တော်တို့ စတင်
သတိထားမိခဲ့ပါတယ်။ဒီအချိန်ကစပြီး
လိုအပ်တဲ့ လေ့လာပြင်ဆင်မှုတွေ
စဉ်ဆက်မပြတ် ပြုလုပ်ခဲ့တယ်။
ကျန်းမာရေးနဲ့ ညီညွတ်ပြီး
ကော်ဖီအရည်အသွေးကို
ဦးစားပေးတဲ့ဈေးကွက်လူတန်းစားကို
ကျွန်တော်တို့ အဓိကရည်ရွယ်ခဲ့တယ်။

ဒီလိုနဲ့၂၀၁၆ ခုနှစ်လောက်မှာ
မေမြို့ ဖရက်(ရှ်) ကိုကျွန်တော်တို့ဖန်တီးပြီး
ဈေးကွက်အတွင်းကိုပို့ဆောင်နိုင်ခဲ့တယ်။
ဈေးကွက်လိုအပ်ချက်အသစ်ကို
စတင်ထိတွေ့ခဲ့ရသူဖြစ်တာကြောင့်
အခွင့်အလမ်းတော်တော်များများရခဲ့တယ်။
ထို့အတူ အခက်အခဲတွေလည်းကြုံခဲ့ရပါတယ်။
ကျွန်တော်တို့ စထုတ်လုပ်တဲ့အချိန်မှာ
low cost product တွေ
ဈေးကွက်အတွင်းမှာခြေချင်းလိမ်နေတယ်။
အသင့်သောက် နှပ်ကော်ဖီဈေးကွက်မှာ
ကျွန်တော်တို့ပစ္စည်းက low costမဟုတ်နိုင်ဘူး။

ကျွန်တော်တို့ ရည်ရွယ်တဲ့
value creation က
low cost နဲ့ မလုပ်နိုင်ဘူး။
လုပ်လို့ မရနိုင်ဘူး။
ဒါကြောင့်ကို ချီတုန်ချတုန်တွေလည်း
ဖြစ်ခဲ့ရတယ်။ဖြစ်မှ ဖြစ်ပါ့မလားပေါ့။
ဈေးတန်းသတ်မှတ်ချက်ကအစ
ကျွန်တော်တို့ကိုယ်တိုင် စတင်သတ်မှတ်ခဲ့ရတယ်။

ကျွန်တော်တို့ မေမြို့ဖရက်(ရှ်)ကို အခြေခံက
စခဲ့တယ်။ဝါသနာနဲ့စခဲ့တယ်။တစိုက်မတ်မတ်
အာရုံစူးစိုက်မှုနဲ့စခဲ့တယ်။
အခက်အခဲတွေအများကြီးနဲ့ စခဲ့တယ်။
ဘယ်သူနဲ့မှမတူတဲ့ တန်ဖိုး
ဖန်တီးမှုတွေနဲ့ စခဲ့တယ်။
အိမ်မက်ကြီးကြီးနဲ့ စခဲ့ရတယ်ဆိုတဲ့အကြောင်း
မေမြို့ ဖရက်(ရှ်)သမိုင်းအကြောင်း
အကျဉ်းချုပ်ကို မိတ်ဆွေများထံ
ပြန်လည်ဝေမျှလိုက်ပေးလိုက်ပါတယ်။

ဒီနေ့ထက်တိုင်
အစဉ်အဆက်အားပေးခဲ့ကြသူများအားလုံးကို
ကျေးဇူးတင်ပါတယ်။

” ဒေသထုတ်ကုန် မြန်မာဂုဏ် “

go top